Thursday, September 23, 2010

Never give up!


အလောင်းတော်ရဲ့အဓိဋ္ဌာန်ဟာကြားရရုံနဲ့တင်ကြက်သီးထဖွယ်ရာအားမာန်ပါလှပါတယ် ဒီလိုအဓိဋ္ဌာန်မှုပြုနိုင်ခြင်းရဲ့အကြောင်းကတော့
သူ့မှာကြိုးစားအားထုတ်ရင်ရပိုင်ခွင့်ရှိနေတာရနိုင်လောက်တဲ့ အကြောင်းတရားတွေပြည့်စုံနေတာကိုအလောင်းတော်ကိုယ်တိုင်သိနေတာပါပဲ..                   ဒါဟာ မိုက်ရူးရဲဆန်ခြင်းမျိုးနဲ့ကွာခြားပါတယ်..
.
သူ့မှာ လုံ့လ၀ိရိယနဲ့အားထုတ်မှုကိုသာ ပေါင်းလိုက်ရင် မရနိုင်တာမရှိလောက်အောင် တခြားအကြောင်းကောင်းမှုပါရမီတွေပြည့်စုံနေတာကို ကိုယ်တိုင်ဖြည့်ကျင့်ခဲ့တဲ့ အလောင်းတော် ကောင်းစွာသိပါတယ်. ..ဒါကြောင့်...အသားအသွေးတွေခန်းခြောက်လို့ အရိုး,အကြော နဲ့ အရေပြားမျှသာ ကြွင်းကျန်ရစ်စေကာမူ.....ရည်မှန်းထားတဲ့ ပန်းတိုင်ကိုမရောက်မချင်း လုံ့လ၀ီရိယကိုလျော့ပြီး အားထုတ်မှုကို လျော့ချစွန့်လွှတ်မှာမဟုတ်တော့ -  
လိုချင်တဲ့ပန်းတိုင်ရောက်ဖို့ မရမနေ အသအလဲ အားထုတ်တော့မယ်-ဆိုတဲ့ဆုံးဖြတ်ချက်မျိုးကို ချခဲ့တာဖြစ်ပါတယ်............ထိုသို့သော ဆုံးဖြတ်ချက်ဖြင့် ပြတ်သားထားသော သူအတွက် အဘယ်အရာသည် အခက်အခဲအတားအဆီးအဖြစ်ဖြင့် တည်ရှိနေနိုင်ပါတော့အံ့နည်း.......
 ကာမံ တစော စ နှာရု စ အဋ္ဌိ စ အ၀သိဿတု ၊ 
ဥပသုဿတု မေ သရီရေ မံသလောဟိတံ , 
ယံ တံ ပုရိသထာမေန ပုရိသ၀ီရိယေန ပုရိသပရက္ကမေန ပတ္တဗ္ဗံ, 
န တံ ပါပုဏိတွာ ၀ီရိယဿ သဏ္ဍာနံ ဘ၀ိဿတိ- .............

No comments:

Post a Comment