Sunday, April 15, 2012

အခက်ခဲဆုံးပုစ္ဆာတခု


စိတ်သည်ဘာသာတရားတိုင်း၏ အဓိက ပဟေဠိနေရာမှာတည်၏.. ဆင်းရဲခြင်း ချမ်းသာခြင်းတို့၏ သော့ချက်လည်းဖြစ်၏.. စိတ်စွမ်းရည်ကို ရရှိရန်လေ့ကျင့်အားထုတ်ရာ၌ အခြားသောဘာသာတရားတို့၌ အကန့်အသတ်ရှိ၏ ထာဝရဘုရားသော်လည်းကောင်း-ဖန်ဆင်းရှင်သည်သော်လည်းကောင်း လူသားတို့စိတ်စွမ်းရည်၏ အထက်၌တည်၏။       သို့ဖြစ်၍ လူသားသည် မည်သို့သောနည်းလမ်းဖြင့်မျှ ဖန်ဆင်းရှင်နှင့်တန်းတူအဆင့်ကိုမရနိုင် ၊ ဖန်ဆင်းရှင်/ ထာဝရဘုရား၏ တည်ရှိမှုနှင့်သက်ဆိုင်သော မေးခွန်းမျိုးကို ကြံစည်စဉ်းစားခြင်းသည်ပင်လျှင် ပြစ်မှုလွန်ကြူးခြင်းဖြစ်နေပေပြီ ၊ မည်သို့ပင်ဆိုစေ ဤအယူအဆသည် သူတို့၏ယုံကြည်မှုဖြစ်၍ တစုံတရာ အပြစ်ဆိုဖွယ်မရှိ ၊ ဤနေရာ၌ကား ထိုအခြားဘာသာတရားတို့၌ စိတ်ကိုစွမ်းအားမြင့်အောင်   လေ့ကျင့်ရာဝယ် အကန့်အသတ်ရှိမှုကိုသာဆိုလိုရင်းဖြစ်ပေသည်…


ဆက်ဖတ်ရန်>>>

Saturday, April 14, 2012

ဝဋ်နှောင်ကြိုး


ပိုင်ဆိုင်မှုသည် အချုပ်အနှောင် (နှောင်ကြိုး) တမျိုးဖြစ်၏ ၊
ပိုင်ဆိုင်မှု ၌ ပြန်လည်ရစ်ပတ်တတ်သော ချုပ်ကိုင်ခြင်း
သဘောရှိရကား ထို အရာသည် မိမိကို ပိုင်ဆိုင်သွားပြန်၏ ၊ ဆိုလိုသည်ကား မိမိက တစုံတခုကို ပိုင်ဆိုင်လာသောအခါ တစုံတခုကလည်း မိမိကိုပြန်လည်ပိုင်ဆိုင်သွားတတ်ခြင်းပင်တည်း.၊
ဥပမာ... သင်သည်ကားတစီးကို ပိုင်ဆိုင်သည်ဆိုပါစို့--သင်က ထိုကားကို ပိုင်ရှင်အနေဖြင့်ဆက်စပ်သည်နှင့်တပြိုင်နက် ကားကလည်းသင်၏ အပိုင်ဆိုင်ခံအနေဖြင့် သင့်နှင့်ပြန်လည်ဆက်စပ်တော့၏ .. သင့်ကိုပြန်လည်ရစ်ပတ်တော့၏....
သင်၏ကား ဘယ်မှာနည်း..ဟု မေးလျှင်ထိုကားကိုညွှန်ပြရသကဲ့သို့-- -ထိုကား၏ပိုင်ရှင် ဘယ်သူလဲ-ဟုမေးလျှင် သင့်ကိုပင်ပြန်လည်ညွှန်ပြရပေလိမ့်မည်.. ထိုသို့ဖြစ်ခြင်းကား--- သင် နှင့် ကားတို့၏ အကြား၌ ပိုင်ဆိုင်ခြင်းဖြင့် တွဲစပ်ထားသောကြောင့်ဖြစ်၏ .၊ ထို့ကြောင့် ပိုင်ဆိုင်ခြင်းသည် ရစ်ပတ်ချည်နှောင်တတ်ရကား ကြိုးနှင့်တူ၏..။။
လွတ်လပ်လိုသူ လွတ်မြောက်လိုသူသည် ထိုကြိုးကိုဖြတ်တောက်ရ၏ ..၊ ရှင်းလင်းရ၏ ..၊

ဆက်ဖတ်ရန်>>>

Wednesday, March 28, 2012

သူငယ်ချင်းသို့....

ဟေ့ .. ဒီမှာ သူငယ်ချင်း… မင်းဘယ်ဘာသာဝင်ပဲဖြစ်နေပါစေ…
မင်းရဲ့ဘာသာတရားကို ရိုသေကိုင်းရှိုင်းပါ…. အခြားသောဘာသာတရားကို မစော်ကားပါနဲ့…မရှုတ်ချပါနဲ့..


ဆက်ဖတ်ရန်>>>

Tuesday, March 29, 2011

** သာသနာ နှင့် ဒါယကာ **

စကားလုံးတို့၏ဆိုလိုရင်းအဓိပ္ပါယ်ကိုကြည့်သော် သာသာနာ ဟူသည် အဆုံးအမ (ဆုံးမကြောင်းတရား) သွန်သင်မှု- ဆုံးမသွန်သင်ရာဌာနပင်တည်း။ ဒါယကာဟူသည် ပေးလှူသူ ထောက်ပံ့သူ။ ဤသည်ကား သာသနာ- ဒါယကာ ဟူသော အခေါ်အဝေါ်ဝေါဟာရတို့ပေးသော သာမန်ဖွင့်ဆိုချက် အနက်အဓိပ္ပါယ်ဖြစ်၏။

ထိုသို့ဆိုလျှင် သာသနာသည် မည်သို့ဆုံးမသနည်း - ထိုအဆုံးအမကို အဘယ့်အကြောင့် အဘယ်သူကခံယူရသနည်း- - ဒါယကာသည် ဘာကြောင့်ပေးရသနည်း- ဒါယကာသည်ပေးရုံသက်သက်လော ဘယ်အရာတွေပြန်ရသနည်း--

ဆက်ဖတ်ရန်>>>

Friday, February 25, 2011

သံသရာဆိုတာ


တခုအပျက်မှာ တခုဆက်ကာဆက်ကာ ဖြစ်နေတဲ့ ခန္ဓ္ဒာ အာယတန ဓာတ် တို့ရဲ့ အစဉ်အတန်းကို သံသရာလို့ ခေါ်တာပါပဲ။။ ။။ ။။

လွတ်လမ်းရယ်မမြင် ၊ ကျွတ်တန်း ဘယ်ခါဝင်ပါ့ ၊
သံသရာ ဟိုဘက်ကမ်း ၊ မှန်းဆလို့တွေး။။။

ဆက်ဖတ်ရန်>>>

Dhamma medicine


Of all medicines in the world, there is none medicine like the medicine of Dhamma.
ကိုယ်နာစိတ်နာ ထိုနှစ်ဖြာအတွက် ဆရာအများ ဖော်စပ်ထားသည့်

ဆက်ဖတ်ရန်>>>

Thursday, September 23, 2010

Never give up!


အလောင်းတော်ရဲ့အဓိဋ္ဌာန်ဟာကြားရရုံနဲ့တင်ကြက်သီးထဖွယ်ရာအားမာန်ပါလှပါတယ် ဒီလိုအဓိဋ္ဌာန်မှုပြုနိုင်ခြင်းရဲ့အကြောင်းကတော့
သူ့မှာကြိုးစားအားထုတ်ရင်ရပိုင်ခွင့်ရှိနေတာရနိုင်လောက်တဲ့ အကြောင်းတရားတွေပြည့်စုံနေတာကိုအလောင်းတော်ကိုယ်တိုင်သိနေတာပါပဲ..                   ဒါဟာ မိုက်ရူးရဲဆန်ခြင်းမျိုးနဲ့ကွာခြားပါတယ်..
.

ဆက်ဖတ်ရန်>>>