စိတ်သည်ဘာသာတရားတိုင်း၏ အဓိက ပဟေဠိနေရာမှာတည်၏.. ဆင်းရဲခြင်း ချမ်းသာခြင်းတို့၏ သော့ချက်လည်းဖြစ်၏.. စိတ်စွမ်းရည်ကို ရရှိရန်လေ့ကျင့်အားထုတ်ရာ၌ အခြားသောဘာသာတရားတို့၌ အကန့်အသတ်ရှိ၏ ထာဝရဘုရားသော်လည်းကောင်း-ဖန်ဆင်းရှင်သည်သော်လည်းကောင်း လူသားတို့စိတ်စွမ်းရည်၏ အထက်၌တည်၏။ သို့ဖြစ်၍ လူသားသည် မည်သို့သောနည်းလမ်းဖြင့်မျှ ဖန်ဆင်းရှင်နှင့်တန်းတူအဆင့်ကိုမရနိုင် ၊ ဖန်ဆင်းရှင်/ ထာဝရဘုရား၏ တည်ရှိမှုနှင့်သက်ဆိုင်သော မေးခွန်းမျိုးကို ကြံစည်စဉ်းစားခြင်းသည်ပင်လျှင် ပြစ်မှုလွန်ကြူးခြင်းဖြစ်နေပေပြီ ၊ မည်သို့ပင်ဆိုစေ ဤအယူအဆသည် သူတို့၏ယုံကြည်မှုဖြစ်၍ တစုံတရာ အပြစ်ဆိုဖွယ်မရှိ ၊ ဤနေရာ၌ကား ထိုအခြားဘာသာတရားတို့၌ စိတ်ကိုစွမ်းအားမြင့်အောင် လေ့ကျင့်ရာဝယ် အကန့်အသတ်ရှိမှုကိုသာဆိုလိုရင်းဖြစ်ပေသည်…
ဆက်ဖတ်ရန်>>>